GBoard Keyboard

GBoard Keyboard


GBoard Apps အကြောင်း အသေးစိတ်ဖတ်ရှု့ရန်

Google က လုပ်ထုပ်ထားသည့် Gboard Keyboard ကို ဘာသာစကားများစွာ အသုံးပြုလို့ အရမ်းဆင်ပြေပါတယ်။ တိုးတက်နေတဲ့ ခေတ်ကြီးမှာ အရမ်းလန်းနေတဲ့ အရာဝတ္တူတွေကို
မက်မောကြတယ်။ အသုံးပြုချင်တာ မထူးဆန်းပါဘူး။

ခုလည်းပဲ ခေတ်နဲ့ အလိုက် Gboard keyboar ကို လှည့်စမ်းသုံးကြည့်ပါ။ အလန်းလို့ ဆွဲလမ်းသွားစေမဲ့ ကီးဘုတ်တစ်ခုလည်း မမှားပါဘူး။ Themes မျိုးစုံ အရောင်မျိုးစုံကိုလည်း တစ်နေ့တစ်ရက် မရိုးလေအောင် အပြောင်းအလှဲတွေကို လုပ်လို့လည်း အရမ်းဆင်ပြေပါတယ်။

သူ့ရဲ့ Themes ထဲ့က ကိုယ်စိတ်ကြိုက်တဲ့ ကီးဘုတ်ရဲ့ ဒီဇိုင်းကာလာ ဘာညာကွီခွ စိတ်ကြိုက်သုံးလို့ရပါတယ်။ မကြိုက်သေးရင် တခြားဟာတွေကို ဒေါင့်လုဒ်ပြီး သုံးရပါသေးတယ် ခင်ဗျား။

နိုင်ငံတကာ ဘာသာစကား ကီးဘုတ်တွေကိုလည်း အသုံးပြုလို့ ရပါတယ်။ ADD KEYBOARD မှာ တခြားသော မြောက်များစွာသော ဘာသာစကား ကီးဘုတ်တွေကိုလည်း ထည့်ပြီး အသုံးနိုင်ပါတယ်။
နိုင်ငံခြား နေရပ်ခြားရောက်သွားတဲ့ ရွှေမြန်မာတွေ အရမ်းပြေတယ်။ ဂျပန်စာတတ်တဲ့သူတွေလည်း ဂျပန်ကီးဘုတ်ပါ ထည့်သုံးနိုင်ပါတယ်။ ကိုးရီယား၊ ထိုင်း၊ မလေးရှား စသော နိုင်ငံတကာကီးဘုတ်တွေကိုလည်း အသုံးလို့ အရမ်းပြေတဲ့ ကီးဘုတ်တစ်ခုပါ။

စာရိုက်တဲ့အခါ ကမ္ဘာလုံးလေးကို တစ်ချက်နှိပ်လိုက်ရုံနဲ့ တခြားသော ဘာသာစကား ကီးဘုတ်ကို
 ပြောင်းလှဲပေးပါတယ်။ အရင်လို ကီးဘုတ်လေးငါးခု ထည့်စရာမလိုတော့ပါဘူး။
ဥပမာအားဖြင့် - တိုင်းရင်းသားတွေက ဗမာစာအတွက် ဗမာကီးဘုတ်ထည့်ရတယ်၊
ပအိုဝ်းစာအတွက် ပအိုဝ်းကီးဘုတ် ထပ်ထည့်ရတယ်။ အခြားသော ရှမ်းစာ၊ မွန်စာ၊
ကရင်စာတွေလည်း သူတို့နဲ့ ဆိုင်ဆိုင်ရာရာ ကီးဘုတ်တွေကို ထည့်ပြီးမှ သုံးရတယ်။
ခု Gboard Keyboard ကတော့ ADD KEYBOARD နေရာနားမှာ ကိုယ်ရိုက်ချင်တဲ့
ဘာသာစကားကီးဘုတ်တွေကို အက်ထားပြီး ကမ္ဘာလုံးလေးကို တစ်ချက်စီနှိပ်သွားလိုက်ရုံနဲ့
ရေးသွားနိုင်ပါတယ် ခင်ဗျား။ လှမ်းလှည့်ပြီး သုံးကြည့်ပါလို့ အကြံအဉာဏ်ပေးပါတယ်။
Emoji တွေလည်း အများကြီးပါတယ် ခင်ဗျား။

ဒီကောင်လေးကို ကိုယ့်ရဲ့ ဖုန်းထဲမှာ တစ်ခုတည်းထည့်ထားလိုက်ရုံနဲ့ ဘာသာစကားအများကြီးကို ရေးနိုင်ပါတယ်။ ဒါပေမဲ့ ဘာသာစကားအများတတ်ဖို့ လေ့လာသင်ယူဦးမှာနော် -- ဟဲ ဟဲ ကိုယ်က ဗမာစာစကားတောင် ကောင်းမတတ်သေးဘူးရယ်။