Google Keep

Google Keep

 

Google Keep Apps အကြောင်း အသေးစိတ်ဖတ်ရှု့ရန်

Google Keep Apps ကတော့ note apps တွေထဲမှာ အမြန်ဆုံးဖြစ်ပြီး
Features တွေစုံစုံလင်လင်ပါဝင်ရုံမက Note နဲ့ပတ်သက်ပြီး ကိုယ်သိမ်းချင်တဲ့
အကြောင်းအရာကို လွယ်လွယ်ကူကူ လျင်လျင်မြန်မြန်နဲ့ စနစ်တကျ
သိမ်းဆည်းထားလို့ရအောင် ဖန်တီးထားတဲ့ apps တစ်ခုဖြစ်ပါတယ်။

Google Keep Apps ကို အသုံးပြုရတာလဲ ရိုးရှင်းတယ်၊ Note Apps တွေမှာ ပါနေကျ
ဖြစ်တဲ့ function တွေဖြစ်တဲ့ Note, Lists, Handwriting, Camera, Audio စတာ
တွေလဲ စုံစုံလင်လင် ပါဝင်ပါတယ်။

ပြီးတော့ Notes တွေကို Labels တပ် ကိုယ်ကြိုက်နှစ်တဲ့ အရောင်အလိုက်
ခွဲခြားထားနိုင်သလို ကိုယ်မှတ်ထားတဲ့ Notes တွေကို ပြန်လှည် ရှာဖွေတဲ့အခါ
မှာလဲအလွန်မြန်ဆန်တဲ့အတွက်  note apps တစ်ခုဖြစ်ပါတယ်။

နောက်တစ်ခုကောင်းတဲ့အချက်ကDevice တစ်ခုကရေးမှတ်ထားတဲ့
Note ကို အခြား Device ကနေ ချက်ချင်းဝင်ဖတ်လို့ရအောင်
Synchronization လုပ်တဲ့နေရာမှာတော့ ဒီ Google Keep Apps ကို
ဘယ် Note Apps တွေမှယှဉ်လို့ မရတာကတော့ အမှန်ပါပဲ။