MyTelenor

MyTelenor

MyTelenor  App အသုံးပြုခြင်း အကြောင်းအရာ

Telenor SIM Card အသုံးပြုသူတိုင်း မရှိမဖြစ်ဆောင်ထားသင့်တဲ့ အပ်လေးတစ်ခုပါ။
MyTelenor အပ်က လုပ်ဆောင်ပေးနိုင်သော အချက်အလက်ကတော့ အများကြီးပါ။
တယ်လီနော ဆင်းကပ် အသုံးသူတိုင်း စမ်းသုံးကြည့်ပါ။ ကြိုက်သွားစေရမည်။
ဒီကောင်လေးနဲ့ လုပ်ဆောင်ပေးနိုင်တဲ့ အချက်အလက်ကတော့
၁။ ကိုယ်ဖုန်းရဲ့ လက်ကျန်ငွေ၊ လက်ကျန်ဒေတာ၊ လက်ကျန် ဖုန်းခေါ်ဆိုမှု စသည်ဖြင့် တစ်နေရာတည်း
      ကြည်ရှု့နိုင်ပါတယ်။

၂။ ပက်ကေ့ချ်များကိုလည်း လွယ်လင့်တကူ ဝယ်ယူနိုင်ပါတယ်။ အထူး၊ ဒေတာ၊ ဖုန်းခေါ်ဆိုမှု စသည့်
     တယ်လီနော ဝန်ဆောင်မှုကို တစ်နေရာတည်း တစ်ထိုင်တည်း ဝယ်ယူအသုံးပြုနိုင်ပါတယ်။

၃။ ဆင်းကဒ် နာမည်ပေါက် မှန် မမှန် စစ်ဆေးပြီး  ကိုယ်နာမည် ကိုယ့်မှတ်ပုံတင်နဲ့ မှတ်ပုံ တင်နိုင်ပါတယ်။
 ခုနောက်ပိုင်း မှတ်ပုံတင်တစ်ခုမှာ ဖုန်းအော်ပရေတာ ဖုန်းကဒ်ကို နှစ်ကဒ်ပဲ တင်ခွင့်ပြုထားပါတယ်။
  ခုလက်ရှိ မြန်မာနိုင်ငံ ဖုန်းအော်ပရေတာ များကတော့ MPT, Telenor, Ooredoo, Mytel , MEC
   ဒါပေမဲ့ MEC ကတော့ ခုအသုံးပြုသူ မရှိသလောက်ရှားသွားပါပြီ၊  မှတ်ပုံတင်တစ်ခုမှာ နှစ်ကဒ်ပဲ
  တင်ခွင့်ပေးထားတယ်။ အော်ပရေတာ လေးခုဆိုပါတော့ ဖုန်းကဒ်ပေါင်း ( ၈ ) ကဒ် ကိုင်ခွင့်ရမှာပါ။
  ဒါပေမဲ့ အော်ပရေတာ တစ်ခုကိုပဲ သုံးရင်တော့ ( ၂ )ကဒ်ပဲ သုံးခွင့် ရသွားမှာပါ။
 ကဲ ဟုတ်ပါပြီ ကိုယ့်တယ်လီနောကဒ်က ကိုယ့်နာမည်ပေါက် ဟုတ် မဟုတ် စစ်ဆေးပြီး
ပြောင်းလှဲသင့်ရင် ပြောင်းလှဲထားလိုက်ပါ။ ပိုပြီး စိတ်ချရသွားတာပေါ့ မဟုတ်လား?
 ဆင်းကဒ် ပိတ်သွားရင်တော့ ဒုက္ခပဲ ။

၄။ ဖုန်းဘေကိုလည်း လွယ်ကူစွာ ဖြည့်နိုင်သလို ဖုန်းဘေအများပိုရင်လည်း တခြားသူငယ်ချင်းတွေကို
  ဖုန်းဘေလွဲပြောင်းပေးနိုင်ပါတယ်။ တကူးတက ဟိုခလုတ်နှိပ် ဟိုနံပါတ်နှိပ် ဒီခလုတ်ဖိ
 ဒီခလုတ်ကြည်နေစရာ မလိုတော့ပါဘူး။ ရိုးရှင်းပြီး ပွင့်လင်းမြင်သာတယ်လို့ ပြောရမှာလားနော်
 အာလဲ တကယ်ပါ တယ်လီနော ဆင်းကဒ် အသုံးပြုရင်တော့ ကိုယ်ရဲ့ ဖုန်းထဲမှာ မရှိသေးရင်
 တခါတည်း ဒေါင်းထည့်ထားလိုက်ပါ မမှားပါဘူး။
          ရှယ်Shake မယ် ကံစမ်းအစီအစဉ်တွေလည်း ဒေတာ ကံစမ်း အပိုဆုတွေ ခံစားခွင့်
အခွင့်အရေးရရှိသွားဦးမှာပါ။      အားလုံးအဆင်ပြေနိုင်ကြပါစေ။