Facebook Ads Manager

Facebook Ads Manager


Facebook Ads Manager app အကြောင်း အသေးစိတ် ဖတ်ရှု့ရန်

Facebook ပေါ်တွင် တော်တော်များ User တွေက သူတို့ရဲ့ ထုတ်ကုန်နဲ့ ပတ်သက်ပြီးတော့ သာမာန် Page ပေါ်မှာ တင်ထားရုံနဲ့ မပြီးသေးဘဲ တင်ထားတဲ့ ပိုစ့်တစ်ခုဖြစ်ဖြစ် ထုတ်ကုန် ကြော်ငြာဖြစ်ဖြစ် Facebook အသုံးပြုတဲ့ User တွေ တော်တော်များများ မြင်နိုင်အောင် ပိုက်ဆံအနည်းငယ်သုံးပြီးတော့
ကြော်ငြာကြပါတယ်။

အဲဒီတော့ Facebook မှာ ကြော်ငြာပြီဆိုရင်လဲ ကိုယ်ကြော်ငြာထားတဲ့ ads တစ်ခုက ဘယ်လောက်
အတိုင်းအတာအထိ လူတွေ မြင်သွားပြီလဲ ကိုယ်ကြော်ငြာလိုက်တဲ့ ads တစ်ခုနဲ့ပတ်သက်တဲ့ Campaings တွေကို ကြည့်လို့ရနိုင်ပြီး Campaings တွေကိုလဲ on and off လုပ်လို့ ရနိုင်ဖို့ဆိုတာက
Facebook က ထုတ်ထားတဲ့ Facebook Ads Manager app ကို အသုံးပြုခြင်းအားဖြင့်
ပိုမိုလွယ်ကူပြီး ကိုယ့်ရဲ့ Ads အကောင့် နှင့် facebook page တွေအားလုံးကို switch လုပ်ပြီးတော့
ကြည့်လို့ရနိုင်တဲ့ ads app တစ်ခုပဲ ဖြစ်ပါတယ်။

facebook ပေါ်မှာ ကိုယ့်ရဲ့  Products နဲ့ ပတ်သက်ပြီးတော့ ကြော်ငြာတဲ့သူတိုင်း
မဖြစ်မနေ အသုံးပြုသင့်တဲ့ တစ်ခုတည်းတော့ Facebook ads Manager app တစ်ခုပါ။